(၇)Loading ပြီးရင် Language ကိုရွေးပြီး Next ကိုကလစ်ပါ။
(၈)နောက်တဆင့် Install now ကို ကလစ်ပါ။(ဒီနေရာမှာ Windows ကအင်စတောမဖြစ်ဘဲ Error တခုခုတက်လာရင် ဘယ်ဘက်အောက်နားက Repair your computer ကိုကလစ် ပြီး Repair လုပ်ဘို့လိုအပ်ပါတယ်။၁၅-မိနစ်ခန့်ကြာနိုင်ပြီး Repair ပြီးလို့ Restart ကျ၊စက်ပြန် ပွင့်လာရင် Boot ပြန်လုပ်ပါ)
(၉) I accept license terms ကိုအမှန်ခြစ်ပေးပြီး Next ကို ကလစ်ပါ။
(၁ဝ) Custom (advanced) ကိုရွေးပါ။(Oreginal Microsoft Windows 7 DVD 1 PC 1DVD အခွေဝယ်ထားမှသာ Upgrade ကိုရွေးလို့ရပါတယ်။တခွေကိုဒေါ်လာ ၁ဝဝကျော်ပါတယ်)
(၁၁) အင်စတောလုပ်မဲ့ Hard Disk(C:)-System Disk ကိုစက်ကအော်တိုရွေးပြီးဖြစ်လို့ အခြား Disk များကိုကလစ်ပြီးမရွေးမိဘို့သတိပြုပါ။ညာဘက်အောက်နားက Drive option(advanced) ကိုကလစ်ပြီး Format လုပ်ပါ။Next ကိုကလစ်ပါ။
(၁၂) အောက်မှာမြင်ရတဲ့ပုံတွေအတိုင်း Copying,Expanding,Installing လုပ်ပါလိမ့်မယ်။
ဒီအဆင့်ကိုရောက်တဲ့အခါတော့(0%)ကနေ(100%)ဖြစ်အောင်တော့စောင့်ပေးရမှာဖြစ်ပါတယ်(100%)ဖြစ်
ဖို့အတွက်တော့အနည်းဆုံးတော့မိနစ်20နာရီဝက်တော့စောင့်ပေးရမှာဖြစ်ပါတယ်။
(၁၃) ပထမအကြိမ် Restart ကျပါမယ်။Restart now ကိုမကလစ်ပါနဲ့။အဆင်မပြေရင် Boot Missing ဖြစ်သွားနိုင်ပါတယ်။
၁၄) Windows ပြန်တက်လာပြီး အောက်ပုံတွေအတိုင်း ဆက်လက် အင်စတောလုပ်ပါမယ်
(၁၅) Installing ပြီးတာနဲ့ ဒုတိယအကြိမ် Restart ကျပြီး Windows ပြန်တက်လာပါမယ်။
(၁၇) Password ၂-ကြိမ်ရိုက်ပါ။ပြီးရင် Hint ရိုက်ထည့်ပါ။(Password နှင့် Hint မတူအောင် ထည့်ပါ)
(၁၈) Windows Product Key ထည့်ရမဲ့နေရာဖြစ်ပါတယ်။များသေားအားဖြင့်ဒီနေရာမှာ Skip လုပ်ပြီးဆက်သွားကြတာများတယ်။Skip မလုပ်ပါနဲ့။Key ထည့်ပါ။Edition အားလုံးတွက်ကီးကို ပုံပေါ်မှာရေးပေးထားပါတယ်။(ကီးထည့်ခြင်းဖြင့် မိမိတင်တဲ့ဝင်းဒိုး ကို ဘယ်နေ့၊ဘယ်အချိန်၊ဘယ် Edition ကိုတင်တယ်ဆိုတာ Microsoft က Auto Record လုပ်ထားပေးပြီး performances တခုခုဖြစ်လာပါက Microsoft.com ကိုဝင်ပြီးဖြေရှင်း နည်းများ၊Fix it ဆော့ဝဲများ ရယူနိုင်ပါတယ်။)
(၁၉) အင်တာနက်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ Use recommended settings ကိုရွေးပါ။ (ဒီနေရာမှာ လှေနံဓါးထစ်အစွဲတခုက windows ကို Update ဖွင့်သုံးရင်စက်ပျက်တတ် တယ်...ဆိုတဲ့ အစွဲကြီးပါ။Microsoft ရဲ့ Windows 7 အင်စတောလုပ်ပုံမှာလဲအဲသည်လို ရေးထားတာမရှိပါ။Microsoft ကလဲ Use recommended settings ကိုသာရွေးဘို့ရေး ထားတာပါ။ Update ဖွင့်သုံလို့စက်ပျက်မယ်ဆိုရင်ကျွန်တော်တင်ပေးခဲ့သမျှ စက်အလုံး ပေါင်း ၃ဝဝ-ကျော်လောက်ကအမှိုက်ပုံးထဲရောက်လောက်ပြီပေါ့။ဘာမှမဖြစ်ပါ။ဖလန်းဖလန်း ထလျက် သုံးနေကြဆဲပါ။)
(၂ဝ) Time zone ကိုရွေးပြီး Next ကိုကလစ်ပါ။
(၂၁) Home Network ကိုရွေးပါ။(ဒီနေရာမှာ Use recommended settings ကိုရွေးထားတဲ့ အတွက် wireless သုံးသူများ Available ဖြစ်နေတဲ့ Wireless Network များတက်လာပြီး ကိုယ်သုံးတဲ့ Network ကိုရွေး၊password ထည့်ပါ)
(၂၂) ဒီလိုတဆင့်ချင်းနည်းစနစ်မှန်ကန်စွာ အင်စတောလုပ်ရင် အောက်ကပုံတွေအတိုင်း ကိုယ်တင်လိုက်တဲ့ windows က ဘာပြဿနာမှမရှိဘဲ တက်လာပြီး လိုအပ်တဲ့ ဆော့ဝဲတွေကိုဆက်လက် အင်စတောလုပ်ရုံဖြစ်ပါတယ်။
အာလုံးအဆင်ပြေနိုင်ကြပါစေ။
www. khinewing.Blogspog.com
No comments:
Post a Comment