ဒီနေ့ ညီငယ်၊ညီမငယ် အတော်များများနဲ့ ကွန်ပြူတာသုံးသူတိုင်း Windows တင်နည်းစာအုပ်များ ဖတ်၍၎င်း၊ပြောသံကြားဖြင့်၎င်း၊IT ကိုအနည်းအကျဉ်းလေ့လာထားသူများရဲ့ လမ်းညွှန်မှုဖြင့်၎င်း Windows ကိုကိုယ်တိုင်တင်ကြပါတယ်။ဒါဟာ ကောင်းသောလက္ခဏာတရပ်ပါ။ဒါပေမဲ့ များသော အားဖြင့် နည်းစနစ်မမှန်ကန်ခြင်းကြောင့် ဝင်းဒိုးတင်ပြီးပြဿနာများ ကြုံတွေ့လာရပါတယ်။ (၁)မိမိ တင်လိုတဲ့ Windows 7 Edition ISO ဖိုင်ကိုဒေါင်းလုပ်ယူပါ။ (၂)ဒေါင်းလုပ်ပြီး ISO ဖိုင်ကို ပြည့်စုံမှုရှိ၊မရှိ စစ်ဆေးပြီး Burning Softwares တခုခုဖြင့် Bootable Image အဖြစ် DVD-R (or) Flash Drive(USB Stick) မှာ Creat လုပ်ပါ။ (ကျွန်တော်အကြိုက်ဆုံးနဲ့ လက်ကိုင်သုံးတာကတော့ Power ISO ပါ) (၃)အဲဒီ Bootable Image DVD (or) USB ကိုစက်မှာထည့်ပါ။ (၄)Local Disk(C:) မှသိမ်းဆည်းထားချင်တဲ့ Files များကိုအခြား Disk(D:/E:/F:..etc) မှာ Move လုပ်ပြီး စက်ကို Power ခလုတ်နဲ့ပိတ်လိုက်ပါ။ (၅)စက်ကို Power ပြန်ဖွင့်ပြီး f9 (or) f12 (or) Delete ကို ရိုက်ပါ။Boot Manager တက်လာရင် DVD Rom (or) USB flash drive ကိုရွေး၊Enter ရိုက်ပါ။ (Boot Manager ကောင်းကောင်းအလုပ်လုပ်တဲ့ တချို့စက်များမှာ DVD ဖြင့်တင်ပါက Auto Boot တက်လာပြီး Enter ရိုက်ရုံပါ။) (၆)အောက်ကပုံအတိုင်း Windows is loading files ..ဆိုပြီး စတင် Boot လုပ်ပါမယ်။

