ဆိုင်ကယ်မောင်းဝါသနာပါသောသူချင်းများအတွက် ဆိုင်ကယ်မောင်းတဲ့ Game လေးတစ်ခုတင်ပေးလိုက်ပါ တယ်ဗျာ။ အခုတင်ပေးလိုက်တဲ့ ဆိုင်ကယ်ဂိမ်းလေးက အရင်တင်ပေးနေကြပြိုင်မောင်းတာတွေ စတန့်စီးရ တာတွေနဲ့မတူပါဘူး။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သွားခိုင်းတဲ့နေရာပန်းတိုင်ကို ရောက်အောင်သွား ရမှာဖြစ်ပါတယ်ဗျာ။ အဆင့်တွေကလည်းအများကြီးနဲ့ကစားရမှာပါ။ မြို့ထဲလမ်းကြောင်းတွေ မြို့ပြင် လမ်းကြောင်းတွေ ၊ ညဖက်မောင်းရမယ့် လမ်းကြောင်းတွေနဲ့ ကားတွေကြားထဲမောင်းရမယ့် အဆင့်တွေနဲ့ အများကြီး မောင်းရမှာပါ။ ဂိမ်းရဲ့နမူနာပုံစံကိုအောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာ ကစားနိုင်မှာဖြစ်ပါတယ်ဗျာ။
No comments:
Post a Comment